မိုးနဲ-လင်းခေးလမ်း မိုးနဲလမ်းပိုင်းမျက်ကွယ်ကုန်းနေရာများ နှိမ့်ချတူးဖြတ်ခြင်း လုပ်ငန်းဆောင်ရွက်

မိုးနဲ ဇန်နဝါရီ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲ-လင်းခေးလမ်း မိုးနဲလမ်းပိုင်းရှိ မျက်ကွယ်ကုန်းနေရာများ နှိမ့်ချတူးဖြတ်ခြင်းလုပ်ငန်းကို လမ်းဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မိုးနဲ-လင်းခေးလမ်း မိုးနဲလမ်းပိုင်း ကီလိုမီတာ ၅၉ ဒသမ ၃၀ မှ ၅၉ ဒသမ ၆၀ ထိ မျက်ကွယ် ကုန်းနှိမ့်ချတူးဖြတ်ခြင်းလုပ်ငန်းကို ပြည်နယ်ငွေလုံးငွေးရင်းခွင့်ပြုရန်ပုံငွေကျပ် ၅၂ သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ၇၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီး လမ်းပိုင်းပြီးစီးသွားပါက လမ်းအသုံးပြုသူပြည်သူများအနေဖြင့် ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်မည်ဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)