ဝမ်းတွင်း ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးအကြံပြုခြင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းဦးဆောင်၍ တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးမှုမရှိစေရန် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးသတိမူရေး၊ စစ်ဆေးအကြံပြုခြင်းများနှင့် မီးသတ်ဆေးဘူးအသုံးပြုပုံများကို အသိပညာပေး ဆောင်ရွက်ပေးခဲ့ကြသည်။
ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အလေး ထားဆောင်ရွက်လျက်ရှိပြီး အသိပညာပေး စစ်ဆေးအကြံပြုခြင်းများကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)