ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးမှ အားကစားနည်းအလိုက် ဆုတံဆိပ်များရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

ရန်ကုန် ဇန်နဝါရီ ၈

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ပထမတံခွန်စိုက်ဆုဖလားနှင့်အတူ အားကစားနည်းအလိုက်ဆုတံဆိပ်များရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ဇန်နဝါရီလ ၆ ရက်နေ့ညပိုင်းက ပြည်သူ့လွှတ်တော်၀င်းကောင်စီဆောင်ရှေ့မြက်ခင်းပြင်၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်‌ဇော်ဟိန်း၊ တိုင်းဒေသကြီး၀န်ကြီးများ၊ ဌာနဆိုင်ရာမှတာ၀န်ရှိသူများ၊ အုပ်ချုပ်သူများ၊ နည်းပြများ၊ ဆုရအားကစားသမားများ တက်ရောက်ကြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီနာယက တိုင်းဒေသကြီး၀န်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး၀န်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး၀န်ကြီးများနှင့် ၎င်းတို့၏ဇနီးများတို့က အားကစားနည်းအလိုက် ဆုရအားကစားအဖွဲ့အား ငွေသားဆုများအသီးသီး ချီးမြှင့်ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ လူမှု‌ရေးရာ၀န်ကြီး ဦး‌ဌေးအောင်က ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာကော်မတီနာယက တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်းထံ ပထမတံခွန်စိုက်ဆုဖလားကို အပ်နှံသည်။ ရန်ကုန်တိုင်းဒေသကြီးအသင်းသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရွှေ ၆၈ ခု၊‌​ငွေ ၄၂ ခု၊ ‌​ကြေး ၃၉ခု၊ စုစု‌​ပေါင်းဆုတံဆိပ် ၁၄၉ ခုနှင့် ပထမတံခွန်စိုက်ဖလားရရှိခဲ့ကြကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)