ကျောက်ဆည် ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် ဒေသန္တရစီမံကိန်း၏ ပင်မလုပ်ငန်းအစီအစဉ်မှ စီမံချက်ဝင်လုပ်ငန်းဖြစ်သော ဝန်းကျင်လေထု အရည်အသွေးတိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်း နည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) တွင် AQM-09 တိုင်းတာရေးစက်ဖြင့် လေထုအရေအသွေးများ တိုင်းတာစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေ သော ဆာလ်ဖာဒိုင်အောက်ဆိုဒ်(SO2)၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်(NO2) ၊ ကာဗွန်မိုနော့ဆိုဒ် (CO)၊ လေထုအတွင်းမှာရှိသည့် အလွန်သေးငယ်တဲ့အမှုန်အမွှားများဖြစ်သည့် (PM 2.5 နှင့် PM 10) တို့ကို လေထုအရည်အသွေး တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝန်းကျင်လေထုအရည်အသွေးတိုင်းတာသည့် ရလာဒ်များကို ပြည်သူများသိရှိနိုင်စေရန် ဒေသအစိုးရအဖွဲ့အစည်းများအား တင်ပြခြင်း၊ လှုမှုမီဒီယာကွန်ရက်များမှ ထုတ်ပြန်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြုံပြုချက်များဖြစ်သည့် စွန့်ပစ်အမှိုက်များ လေဟာပြင်တွင်စည်းကမ်းမဲ့ မီးရှို့ခြင်းမှ ရှောင်ကြဉ်ပြီး 3Rs(Reduce၊ Reuse၊ Recycle)စနစ်အား လိုက်နာကျင့်သုံးခြင်း၊ အရိပ်ရလေကာ ပင်များစိုက်ပျိုးခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထွက်ရှိမှုကို လျှော့ချနိုင်ရန် စက်တပ်ယာဉ်များအလွန်အကျွံ အသုံးပြုခြင်းမှရှောင်ကြဉ်ရန် ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လစဉ် ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)