ပေါင် ဇန်န၀ါရီ ၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.မ.က(ကဒါစျေး)ကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.မ.က(ကဒါစျေး)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်နီနီ၀င်းက အရွယ်မရောက်သေးသည့်ကလေးငယ်များကို အလုပ်သမားစေခိုင်းပါက သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက မိမိဘဝတိုးတက်မှုရရှိလာအောင် စာများများဖတ်ကြပါရန်၊ အရွယ်မရောက်သေးသည့် ကလေးငယ်များအား မတရားအလုပ်စေခိုင်းမှုမှကာကွယ်ရန်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ လူကုန်ကူးမှု၏ဆိုးကျိုးများ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကျောင်းသား/ကျောင်းသူများက လိုက်နာဆောင်ရွက်ကြရန် ဟောပြောခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့နှင့်ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်းသိမှတ်ဖွယ်ရာများစသည့်အသိပညာပေး နံရံကပ်စာစောင်များ ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ရာကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)