ခိုလမ် ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဟိုင်းလိုက်) ကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ကျောင်းသား/ သူလေးများမှ စုံညီပွဲတော် တို့နွှဲပျော်သီချင်းဖြင့် စတင်သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး ပညာရည်ချွန်ဆုရရှိသော ကျောင်းသား/သူများအား တာဝန်ရှိသူများမှ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် ကျောင်းသား/သူများမှ အကပဒေသာများဖြင့် စည်ကားသိုက်မြိုက်စွာ ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)