စမ်းချောင်း ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် အမှတ် (၁၃) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့မွန်းလွဲ (၁) နာရီအချိန်က ဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက စာဖတ်ခြင်းဖြင့်အသိပညာ ဗဟုသုတတိုးပွားစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြား တတ်စေရန်၊ ယဉ်ကျေးလိမ္မာသည့် သားကောင်း၊ သမီးကောင်းများဖြစ်လာစေရန် စသည့်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ပြသထားသော အသိပညာပေးနံရံကပ် စာစောင်နှင့် စာအုပ်စာစောင်များအား စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)