ချမ်းမြသာစည်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲ၊ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ချမ်းမြသာစည် ဇန်နဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ လူငယ်များ အသိပညာဗဟုသုတ တိုးတက်စေရန် ဗလငါးတန်နှင့်ပြည့်စုံပြီး စာပေဗဟုသုတ လေ့လာဖတ်ရှုလာစေရန်နှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို အမှတ် (၂၁) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိမ်းဝင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်တို့က ကျောင်းသား/ သူများအနေဖြင့် ကျောင်းစာကြည့်တိုက်များကို အသုံးပြုတတ်စေရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ဖြစ်ပေါ်လာစေရေးနှင့်စာပေ၏အကျိုးကျေးဇူးများအကြောင်း၊ ကလေးအလုပ်သမားပပျောက်စေရေးနှင့် လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးဆိုးကျိုးများ စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်စာစောင်များ ပြသပေးခြင်းနှင့်အတူ သုတ/ရသ စာအုပ် (၁၄၃) အုပ်ကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့