သာကေတ ဇန်နဝါရီ ၇
ကျောင်းသား၊ ကျောင်းသူ လူငယ်များဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမ၌ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများတတ်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူကအဖွင့်မှာစကားပြောကြားပြီး အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီးဦးစောသက်ဇေအောင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဆောင်းနှင်းဖြူက Moderator အဖြစ် ဆောင်ရွက်၍ သာကေတမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး၊ အထက်တန်းကျောင်း၌ ပညာသင်ကြားကြသော Grade-10(စက်မှု)ကျောင်းသားမောင်ကောင်းသန့်က လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-10(စက်မှု) ကျောင်းသား မောင်ကောင်းခန့်ဇင်က လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade-10(စက်မှု)ကျောင်းသူ မဒေါင်းအိုးဝေက လူငယ်နှင့်မူးယစ်ဆေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-10(စက်မှု) ကျောင်းသူမနှစ်ဦးလရောင်က လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များက ဆွေးနွေးကြသည့် ကျောင်းသား/သူ (၄)ဦးအား အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား/သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပြီး လူငယ်စကားဝိုင်းအစီအစဥ်အား ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)