ကျိုင်းတုံ ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ အခြင်အတွယ်နှင့် အရည်အသွေးသတ်မှတ်စံချိန်စံညွှန်းအတိုင်း ဖြစ်စေရေးအတွက် တာဝန်ရှိသူများက ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များကို ယနေ့တွင် ရှောင်တခင်စစ်ဆေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး(ကျိုင်းတုံ)နှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကျိုင်းတုံမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် အခြင်အတွယ် မှန်ကန်မှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချခြင်းရှိ/မရှိ၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အစီအမံများ စနစ်တကျဆောင်ရွက်ထားရှိမှုရှိ/မရှိနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် အရောင်းဆိုင်များရှိ စက်သုံးဆီလက်ကျန်စာရင်းတိုင်းတာစစ်ဆေးခြင်း၊ စက်သုံးဆီ ရောင်းချသူများနေဖြင့် သတ်မှတ်ထားသော စည်းကမ်းဥပဒေများအတိုင်း လိုက်နာရောင်းချရန် အသိပညာပေးပြောကြားသည်။ ကျိုင်းတုံမြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များ အခြင်အတွယ်နှင့် အရည်အသွေးမှန်ကန်ရေးအတွက် စစ်ဆေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)