ကျောက်ဆည် ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ် (၇) မူလတန်း (လွန်) ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အဆိုပါကျောင်း တန်းစီကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က ကျောင်းသား/ ကျောင်းသူများ ပိုမိုရင်းနှီးစေရန်၊ ကျောင်းနေပျော်၍ စာပေတော်သော၊ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြတ်သော၊ အချင်းချင်းလေးစားအတုယူစေရန် ဆုပေးပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း အမှာစကားများ ပြောကြားခဲ့ပြီး Grade-5 မှ စာပေထူးချွန်သူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။
ထို့နောက် လက်ထောက်ဆရာ/ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျင်းပပြုလုပ်သည့် ဉာဏစွမ်းရည်စာပေပြိုင်ပွဲများ၊ ကာယစွမ်းရည်အားကစားပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ၊ ပန်းချီပြိုင်ပွဲများတွင် အတန်းစဉ်အလိုက်ဆုရရှိသူများအား ဆုများအသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)