အ.ထ.က(ခွဲ)ကျွန်းတော၌ ကျောင်းတွင်းပျော်ပွဲရွှင်ပွဲအဖြစ် နိဗ္ဗာန်စျေးပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပ

တွံတေး ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကျွန်းတောရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျွန်းတောတွင် ကျောင်းသား၊ ကျောင်းသူ အလှူရှင်များက ကျောင်းတွင်းပျော်ပွဲရွှင်ပွဲအဖြစ် နိဗ္ဗာန်စျေးပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းဝင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ နိဗ္ဗာန်စျေးပွဲတော်ကို ကျောင်းအုပ်ဆရာမကြီးဒေါ်ထွေးငယ်ငယ်ထွန်းမှဦးဆောင်၍ ဆရာ၊ ဆရာမများနှင့် KG မှ Grade-12 အထိအတန်းများမှ ကျောင်းသား၊ ကျောင်းသူအလှူရှင်များက မိမိတို့အတန်းအလိုက် ကျောင်းသား၊ ကျောင်းသူများကို စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စေရန်အတွက် ကံစမ်းမဲများဖြင့် ကံစမ်းမဲများဖောက်ပေးကာ နိဗ္ဗာန်စျေးပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

တွံတေးသား