မိတ္ထီလာမြို့ အ.ထ.က(၁) ၌ ခရိုင်အဆင့်လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကျင်းပ

မိတ္ထီလာ ဇန်နဝါရီ ၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁)တွင် ကျင်းပရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲတွင် ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို ခရိုင်အတွင်းရှိ Grade 9 ကျောင်းသူ၊ ကျောင်းသား  ၈ ဦး၊ Grade 10 ကျောင်းသူ၊ ကျောင်းသား  ၈ ဦး ၊ Grade 11 ကျောင်းသူ၊ ကျောင်းသား ၈ ဦး နှင့် Grade 12 ကျောင်းသူကျောင်းသား ၄ ဦး စုစုပေါင်း ကျောင်းသူ၊ ကျောင်းသား ၂၈ ဦး ဝင်ရောက်ဖြေဆိုကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးကျော်ဇေယျ၊ အဖွဲ့ဝင်(၃) ဦးနိုင်ဝင်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာ ရေးမှူးဒေါ်မော်မော်နှင့် ကျောင်းအကျိုးဆောင် မိဘကိုယ်စားလှယ်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ချမ်းသာ