အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ လင်းရောင်ခြည်စာကြည့်တိုက် ကော်မတီအသစ် ပြန်လည်ဖွဲ့စည်း

ရန်ကုန် ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ လင်းရောင်ခြည်စာကြည့်တိုက် ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အဆိုပါ စာကြည့်တိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တာဝန်ခံ ဦးဘိုကြည်၊ အင်းစိန်မြို့နယ်၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ နာယက ဦးရန်နောင် (ပညာရေးမှူး-ငြိမ်း)၊ ဥက္ကဋ္ဌ ဦးဝင်းမြင့်(မောင်မောင်ဝင်းမြင့်-မှုခင်း) နှင့် အတွင်းရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်တို့က အမှာစကား အသီးသီးပြောကြားပြီး လင်းရောင်ခြည်စာကြည့်တိုက်ဥက္ကဋ္ဌ ဒေါ်ခင်မေလွင်က အသစ်ပြန်လည်ဖွဲ့စည်းသည့်ဥက္ကဋ္ဌ ဦးမြင့်ဦးထံ စာကြည့်တိုက်နှင့်ပတ်သက်သည့် အချက်အလက်၊ စာရွက်၊ စာတမ်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)