မုဒုံ ဇန်နဝါရီ ၇
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ခေတ်မီကစားကွင်းများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စျေးရောင်းပွဲတော်ကို ယမန်နေ့ညက မြို့မ (၁) ရပ်ကွက်ရှိ လေ့ကျင့်ရေးအားကစားကွင်း၌ စည်ကားစွာ ကျင်းပသည်။
အဆိုပါပွဲတော်ကို ကောင်းမြတ်သာကုမ္ပဏီလီမိတက်မှ အထွေထွေမန်နေဂျာ ဦးပြည့်ဖြိုးဝင်းနှင့် အရောင်းဝန်ထမ်းများမှ စုစည်းကျင်းပ၍ ကလေးငယ်များအတွက် ခေတ်မီသည့် အပျော်စီးပင်လယ်ဓားပြလှေ၊ အပျော်စီးဒုံပျံလေယာဥ်၊ ပျော့ပျော့အိအိ ကစားကွင်းများ၊ အပျော်စီးချားနှင့် ရထားတွဲများ၊ စျေးရောင်းပွဲတော်အဖြစ် လူသုံးကုန် ပစ္စည်းများဖြစ်ကြသည့် စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များ၊ အိုးခွက်ပန်းကန်များနှင့် အလှကုန်ပစ္စည်းများ ဆိုင်ခန်းပေါင်း စုစုပေါင်း (၄၅) ခန်းတို့ဖြင့် ရောင်းချလျက်ရှိသည်။
ယင်းပွဲတော်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၇) ရက်နေ့မှ (၁၆) ရက်နေ့အထိ (၁၀) ရက်တိုင်တိုင် နေ့စဥ်နံနက် (၉) နာရီမှ ည (၁၁) နာရီခွဲအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)