မိုင်းစံမြို့တွင် (Mobile Library) စနစ်ဖြင့် စာအုပ်စာ‌စောင်များ ငှားရမ်းခြင်းလုပ်ငန်း ဆောင်ရွက်

မိုင်းစံ ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ပြည်သူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် စာဖတ်ဝါသနာရှင်များ စာပေကို လွယ်လင့်တကူလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာစေရန်အတွက် နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့် စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်းကို ယ‌နေ့နံနက် ၁၀ နာရီက မိုင်းစံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ စာအုပ်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

အဆိုပါ စာအုပ်များငှားရမ်းပေးရာတွင် ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများထံသို့ သုတစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ၀တ္တုစာအုပ်များနှင့် အသိပညာဗဟုသုတများစွာရရှိမည့် စာအုပ်များကို စုံလင်စွာငှားရမ်းပေးခဲ့ပြီး ထိုသို့ငှားရမ်းပေးခဲ့သော စာအုပ်များအား တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် အပတ်စဉ် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)