ပွင့်လင်းရာသီတွင်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား လိုက်လံစစ်ဆေး

တပ်ကုန်း ဇန်နဝါရီ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကင်မွန်းတန်းကျေးရွာအုပ်စု၊ ရတနာ (၂) စက်သုံးဆီအရောင်းဆိုင်အား လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့သည်။                       

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် တပ်ကုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော်ကြီးကြပ်ပြီး၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးသော်ခန့်ဝေနှင့်မီးသတ်တပ်ဖွဲ့ဝင်များ ရတနာ (၂) စက်သုံးဆီအ​ရောင်းဆိုင် မီးဘေးကြိုတင်ကာကွယ်ရေး ဆိုင်ဝန်ထမ်းများအား မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုနည်း ရှင်းလင်း​​​ပြသခြင်း၊ အရည်အသွေးပြည့်ဝသော မီးသတ်​ဆေးဘူးများ ထားရှိရေး၊ အရေးပေါ်အသုံးပြုရန် အမြှုပ်ရည်ထားရှိရေး၊ ရေစုပ်စက် အရန်သင့်​​ပြင်ဆင်ထားရှိရေး၊ ဆီသိုလှောင်ကန် စနစ်တကျ​ထားရှိရေးနှင်ရောင်းချ​ရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်ချက်များ လိုက်လံစစ်ဆေး၍ မီးမလောင်ခင်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မီးလောင်လျှင်ဆောင်ရွက်ရမည့်နည်းလမ်းများနှင့်မီးလောင်ပြီး ဆောင်ရွက်ရမည့်နည်းလမ်း အသိပညာပေးလုပ်ငန်းများ​ဆောင်ရွက်ခဲ့ကြောင်း သိရပြီး၊ တပ်ကုန်းမြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စက်သုံးဆီအ​ရောင်းဆိုင်ပေါင်း ၂၁ ဆိုင် စစ်ဆေးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်