ပင်လောင်း ဇန်နဝါရီ ၇
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာဌာန အမှုဆောင်အရာရှိ ဦးလူထွန်းနှင့် ဝန်ထမ်းများ၊ မင်္ဂလာကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မြို့မဈေးအတွင်းရှိ စာသောက်ဆိုင်များမှ မီးဖိုအသုံးပြုရာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ စီမံဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးခဲ့ကြသည်။
ထို့နောက် မီးသတ်ဦးစီးဌာန ဦးစီးမှူးက ဈေးရောင်းဈေးဝယ်သူများအား မီးသတ်ဆေးဘူးအသုံးပြုပုံများကို ရှင်းလင်းပြေားကြားပြီး ဈေးရောင်းဈေးဝယ်သူများက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှုကို လက်တွေ့ဆောင်ရွက်ကြကြောင်း၊ ယင်းနောက် မီးသတ်ဦးစီးဌာနမှ ဈေးရောင်းဈေးဝယ်သူများအား မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)