တန့်ယန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်

တန့်ယန်း ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မီးဘေးအသိ မီးဘေးသတိရှိစေရေးနှင့် ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညပိုင်းက ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးအသိ မီးဘေးသတိရှိစေရန်နှင့် ကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများက မြို့မရပ်ကွက်များအတွင်း လိုက်လံ၍ မီးကြွင်းမီးကျန်များ မရှိစေရေး၊ မီးကိုစနစ်တကျ အသုံးပြုရေးနှင့် ပေါ့ဆမှုမဖြစ်ပေါ်စေရေးတို့ကို ပြည်သူများ သိရှိရန် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)