တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲ ကျင်းပ

တန့်ယန်း ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ အခြေခံပညာ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်စာမေးပွဲကို ခရိုင်ပညာရေးမှူး ဦးကြည်လွင်နှင့် တာဝန်ရှိသူကကြီးကြပ်၍ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတဘာသာရပ်များနှင့် လူတွေ့နှုတ်ဖြေတို့ကို ကျင်းပရွေးချယ်ကြရာ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့မှ ဒွါဒသမတန်း၊ ဧကာဒသမတန်း၊ ဒသမတန်း၊ နဝမတန်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၄)ဦး ပါဝင်ယှဉ်ပြိုင်ဖြေဆိုကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)