ကျောက်တန်း ဇန်န၀ါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့၌ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး(Kaeru Caravan)ဟောပြောပွဲကို (မြို့မ)အခြေခံပညာအလယ်တန်းကျောင်း ရွှေသံလွင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ဟောပြောဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှအဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းမှ ကျောင်းသား/ကျောင်းသူလေးများကို သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး(Kaeru Caravan)ကို ဆောင်ရွက်ပေးခြင်းဖြင့် သဘာဝဘေးအန္တရာယ်များကြုံတွေ့လာပါက မီးသတ်တပ်ဖွဲ့ဝင်များသာမက ပြည်သူများ ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပါဝင်၍ထိခိုက်ပျက်စီးမှုများလျှော့ပါးစေ၍ ရှာဖွေကယ်ဆယ်ကူညီခြင်းများကို ပါဝင်ဆောင်ရွက်နိုင်ရန်အတွက်အသိပညာပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦးမှ ကျောင်းသား၊ ကျောင်းသူများကိုအသိပညာပေး(Kaeru Caravan)အနေဖြင့် ဂိမ်းကစားနည်းများမှအစ မီးငြှိမ်းသတ်ခြင်းများ သဘာဘေးအန္တရာယ်ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ကူညီဆောင်ရွက်ခြင်းများကို လက်တွေ့အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့သည်။
ထိုအသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီးဦးသောင်းညွှန့်နှင့် ဆရာဆရာမများ ကျောင်းသား ကျောင်းသူ(၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်ဆက်)