လှည်းကူး ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် နွေစပါးမျိုးစေ့ချကိရိယာ (Seeder)ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲကျင်းပခြင်းကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ ဒါးပိန်တောင်ကျေးရွာ ကွင်းအမှတ်(၁၀၇၉-A)၊ ဦးပိုင်အမှတ်(၄/က)၊ လယ်မြေ(၁၀.၇၈)ဧက၊ တောင်သူ ဒေါ်ရည်ဝိုင်းဦး၏ လယ်မြေပေါ်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါနွေစပါး မျိုးစေ့ချကိရိယာ(Seeder)ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးစန်းအောင်က မျိုးစေ့ချကိရိယာ(Seeder)ဖြင့်စိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရမည့်နည်းစနစ်များကို တောင်သူများအား အသိပညာပေးဟောပြောဆွေးနွေးသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက လယ်မြေ(၁၀.၇၈)ဧကပေါ်တွင်(ဆင်းသုခမျိုး) နွေစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် မျိုးစေ့ချခြင်းကွင်းသရုပ်ပြ စိုက်ပျိုးပြသပေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)