ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၏ "၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်" အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

အလုံ ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်း (၈) နာရီအချိန်က အလုံခရိုင်၊ အလုံမြို့နယ်၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပသော အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး "၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်" အခမ်းအနားသို့တက်ရောက် ချီးမြှင့်ခဲ့သည်။

အခမ်းအနားတွင် ပညာရေးစုံညီပွဲတော် အလံကိုင်ပင်မစစ်ကြောင်း ဦးဆောင်၍ ခရိုင်အလိုက် စစ်ကြောင်းကြီးများက ကွင်းအတွင်းသို့ စစ်ကြောင်းပုံသဏ္ဍာန် ချီတက်နေရာယူပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အား အလေးပြုခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားခြင်းနှင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တကွ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူများက ပညာရေးစုံညီပွဲတော် အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ကျောင်းသား၊ ကျောင်းသူများမှ “မြန်မာ့ကျောင်း” သီချင်းအား သံပြိုင်သီဆိုခြင်း၊ အခြေခံပညာကျောင်းများမှ ဆရာ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူများက အလှကမ္ဘာမြေ"၊ စုံညီပွဲတော် ဒို့နွဲပျော်၊ သီချင်းဖြင့် သရုပ်ဖော်တင်ဆက်ခြင်းတို့အား ကျောင်းအားကစားကွင်း၌ ကျင်းပခဲ့သည်။

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အား "သီရိရတနာခန်းမ" ၌ကျင်းပခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင်က ပညာရေးစုံညီပွဲတော်အကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူများက ဆုရကျောင်းသား၊ ကျောင်းသူများအားဆုချီးမြှင့်ခြင်း၊ အ.ထ.က (၁) ဒဂုံ ၊ အ.မ.က (၇) တာမွေ ၊ အ.ထ.က (၂) စမ်းချောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများက "ကမ္ဘာတည်သရွေ့"၊ သနပ်ခါး”၊ "ပန်းရည်ဘဏ်တိုက်"၊ "ထာဝရသစ္စာ" သီချင်းတို့ဖြင့် သီဆိုဖျော်ဖြေခြင်း၊ အ.ထ.က (၁) ဒဂုံမှ ကျောင်းသား၊ ကျောင်းသူများက သံစုံတီးဝိုင်းဖြင့်ဖျော်ဖြေခဲ့ကြပြီး ခင်းကျင်းပြသထားသည့် ပညာရေးပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ စစ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့်ဇနီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ဝင်းတင့်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်း နှင့်ဇနီး၊ တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချိုချိုမြတ်အောင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးမိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့များ၊ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇာနည်လွင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲကိုကိုနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဌေးကြွယ်၊ အဖွဲ့ဝင် (၂) ဦးအောင်စိုး၊ အတွင်းရေးမှူး ရဲမှူးအောင်ကျော်ကျော်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်း၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူး ဒေါ်လှကြူမာနှင့် မြို့နယ်ပညာရေးမှူးများ၊ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ‌ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကိုယ်ပိုင်ကျောင်းမှကိုယ် စားလှယ်များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၃၀၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ယောဧရာ(မြို့နယ်ပြန်/ဆက်)