သင်္ဃန်းကျွန်း ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ် ပညာ့နေခြည်ခန်းမတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအား ယဉ်ကျေးလိမ္မာသောလူငယ်များဖြစ်လာစေရေးနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာပေများ ပြန့်ပွားလာစေရေးတို့အတွက် လူငယ်ယဉ်ကျေးမှု နည်းပြသင်တန်းဆင်းပွဲအခမ်းအနားအား ဇန်နဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာငြိမ်းသီအောင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး၊ ဓမ္မရောင်ခြည်ဖောင်ဒေးရှင်းမှဥက္ကဋ္ဌ ဦးလှမျိုးက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ သင်တန်းကို ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ (၅) ရက်ကြာဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ ၁၃၁ ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်း၌ ဓမ္မရောင်ခြည်ဓမ္မဒါနဖောင်ဒေးရှင်း နည်းပြဆရာ၊ ဆရာမများက ဗုဒ္ဓစာပေကျမ်းဂန်များလာ လူငယ်နှင့်ယဉ်ကျေးမှု အဆုံးအမများ၊ ယဉ်ကျေးလိမ္မာစွာ နေထိုင်ပြုမူ ပြောဆိုတတ်စေမည့် နည်းလမ်းများကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
သိန်းအောင်(ပြန်/ဆက်)