မော်လမြိုင်မြို့၌ “ မီးခိုးမြူငွေ့ လျှော့ချရေး အသိပညာပေး” ဟောပြောပွဲ ကျင်းပ

မော်လမြိုင် ဇန်နဝါရီ ၇

မွန်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကဦးဆောင်၍ မီးခိုးမြူငွေ့လျှော့ချရေးအသိပညာပေးဟောပြောပွဲကို ကျိုက်မရောမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဟင်္သာခန်းမ၌ ယမန်နေ့ နံနက်ပိုင်းကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မွန်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးကျော်သူရလှိုင်က မွန်ပြည်နယ်နှင့်ကျိုက်မရောမြို့နယ်အတွင်း မီးခိုးမြူငွေ့လျှော့ချရေးနှင့် Fire Hotspot ဖြစ်ပေါ်နေမှု အခြေအနေများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မော်လမြိုင်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးမင်းနိုင်ဦးက မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးချက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မော်လမြိုင်ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးမြင့်ဦးက မီးလောင်ကျွမ်းမှု လျှော့ချနိုင်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများမှသိရှိလိုသည့်မေးမြန်းချက်များအပေါ်ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ ကျိုက်မရောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ပြန်/ဆက်