၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ကျောက်တန်း ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက်(၉း၃၀)နာရီအချိန်က မှော်၀န်းရတနာခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မာလာပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ထို့နောက် လူရည်ချွန်၊ အင်္ဂလိပ်စာ၊ သင်္ချာထူးချွန်၊ စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ကျောင်းတွင်း အင်္ဂလိပ်စာ၊ သင်္ချာထူးချွန်၊ လူရည်ချွန်စသည့် ဉာဏဆုများကိုတက်ရောက်လာကြသော တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။ အဆိုပါအခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများက အဆို၊ အကများဖြင့် အသီးသီးဖျော်ဖြေပေးခဲ့ရာ ဌာနဆိုင်ရာများနှင့်ကျောင်းသားမိဘများက တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

နေလင်းကျော် (ပြန်ဆက်)