သန်လျင်မြို့နယ်၌ ပညာရေးစုံညီပွဲတော်ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၇

သန်လျင်ခရိုင် သန်လျင်မြို့နယ် မြို့နယ်ပညာရေးမှူးရုံးမှကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ (၅) ရက်နေ့နံနက် (၉) နာရီအချိန်က အ.ထ.က (၁) ရတနာရှင်းသန့်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး သောင်းဒန်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်မော်က စုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ပြိုင်ပွဲများတွင် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျောင်းအုပ်ကြီးများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းအကပဒေသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ခရိုင်/ပြန်ဆက်)