ပင်းတယ ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သည် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ(၃၈၈၀)တွင် တည်ရှိပြီး မြို့နယ်အတွင်းနေကြသည့် ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကထား၍ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ကြရာ အစေ့ထုတ်ပြောင်းစိုက်ပျိုးထားသည့် တောင်သူများ ပြောင်းဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။
ပင်းတယမြို့နယ် အနီးရှိကျေးရွာများဖြစ်သည့် ရေဖြူ၊ ကျောက်တော၊ ရွှေပုထိုး၊ လယ်ပြင်၊ မိုင်းအင် အစရှိသည့် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိရာ အစေ့ထုတ်ပြောင်းများကို မိုးဦးကာလဖြစ်သည့် မေလတတိယအပတ်တွင် စတင်စိုက်ပျိုးကြပြီး တစ်ဧကလျှင် ပြောင်းမျိုးစေ့တစ်ထုပ်နှုန်းဖြင့် ရှစ်သုံညရှစ်မျိုးကို အဓိကထားစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး (၅)လမှ (၆)လအကြာတွင် စတင်ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ အထွက်နှုန်းမှာ (၁)ဧကလျှင် ပိသာချိန်(၉၀၀)မှ (၁၀၀၀)ကျော်အထိ ထွက်ရှိကြောင်းနှင့် ယခုနှစ်တွင် အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၃၀၀)ကျပ် ဝန်းကျင်ခန့်ရောင်းချရ၍ ပြောင်းစတင်စိုက်ပျိုးခဲ့သည့်အချိန်တွင် ကုန်ကျစရိတ်မြင့်မားခဲ့ခြင်းကြောင့် အစေ့ထုတ်ပြောင်းရောင်းချချိန် ပြောင်းဈေးနှုန်းကောင်းပြီး အကျိုးအမြတ်ရရှိရန် မျှော်လင့်နေကြကြောင်း ပြောင်းစိုက်ပျိုးထားသည့် တောင်သူများထံမှ သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)