လသာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

လသာ ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ပညာ​ရေးစုံညီပွဲ​တော်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (မြညီလာ) ခန်းမ၌ ကျင်းပခဲ့သည်။

မြို့နယ်အဆင့် ပညာ​ရေးစုံညီပွဲ​တော် အခမ်းအနားတွင် အမှတ် (၂) အ​ခြေခံပညာအထက်တန်း​ကျောင်းမှ ​ကျောင်းသူများက မြန်မာ့​ကျောင်းသီချင်းဖြင့် သီဆို​ဖျော်​ဖြေဖွင့်လှစ်ခဲ့ပြီး​နောက်မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ဝင်း အဖွင့်အမှာစကားကိုလည်း​​ကောင်း၊ မြို့နယ်ပညာရေးမှူး ဦးကျော်စံရွှီက ပညာရေးစုံညီပွဲတော်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျောင်းသား​၊​ ကျောင်းသူများအား ပြင်ပဗဟုသုတများစွာ​လေ့လာဆည်းပူးရန် လိုအပ်ချက်များအပြင် လိမ္မာစွာ​နေထိုင်တတ်ရန် စသည့်လိုအပ်ချက်များကိုလည်း​ကောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အတွင်းရှိ ထူးချွန်ဆုရ ဆရာ၊ ဆရာမများနှင့် ထူးချွန်​ကျောင်းသား၊​ကျောင်းသူများ၊ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ဆုရရှိသူများ၊ ဘက်စုံထူးချွန်ဆုရရှိသည့် ကျောင်းသူ၊​ ကျောင်းသားများနှင့် ပညာရည်ချွန်ဆုရရှိသော ​ကျောင်းသား၊ ကျောင်းသူများကို တက်‌ရောက်လာသော သက်ဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ပညာရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီပေးခဲ့သော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ကြသည်။

အဆိုပါ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊​ကျောင်းသားများနှင့် ဖိတ်ကြားထားသောဧည့်သည်‌တော်များ တက်ရောက်ကြရာ တက်ရောက်လာသူများကို အ.ထ.က (၂) မှ ကျောင်းသူလေးများက “စုံညီပွဲ​တော် တို့နွဲ​ပျော်” သီချင်းဖြင့် ​ဖျော်​​ဖြေခဲ့​ကြ​ကြောင်း သိရသည်။

နန်းသဲနုအောင်(ပြန်/ဆက်)