မြန်မာ-တရုတ် နှစ်နိုင်ငံဖြတ်ကျော်မာရသွန်ပြိုင်ပွဲ ကျင်းပ

မူဆယ် ဇန်နဝါရီ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ တရုတ်နိုင်ငံရွှေလီမြို့၌ မြန်မာ-တရုတ် နှစ်နိုင်ငံဖြတ်ကျော် မာရသွန်ပြိုင်ပွဲကို ဇန်နဝါရီလ()ရက်နေ့ နံနက်()နာရီက ပြုလုပ်သည်။

မာရသွန်ပြိုင်ပွဲတွင် လူဦးရေ(၉၀၂၉)ဦး ဝင်ရောက်အပြေးပြိုင်ကြပြီး တာဝေး(၄၂၁)ဦး၊ တာဝက်(၁၉၆၅)ဦး၊ အပျော်တန်း(၃၀၈၅)ဦး၊ နွေးထွေး(၃၅၅၈)ဦး၊ ဝင်ရောက်အပြေးပြိုင်ကြသည်။ အပြေပြိုင်သူများတွင် အပျော်တန်းနှင့်တာဝက်၊ တာဝေး(၂၃၈၆)ဦးထဲတွင် မြန်မာနိုင်ငံသား(၃၇၇)ဦး တတိယနိုင်ငံသား()ဦး၊ ဝင်ရောက်အပြေးပြိုင်ကြသည်။ အပြေးပြိုင်ပွဲသည် ရွှေလီမြို့ နုန်မော်ဟူကန်(ပြတိုက်)မှ စတင်တာလွှတ်ပြီး မြန်မာနိုင်ငံ နန်းတော်ဂိတ်ပေါက်ရှိ နယ်စပ်မှတ်တိုင်(၈၁)ကိုပတ်၍ နုန်မော်ဟူကန်(ပြတိုက်)တွင် ပန်းဝင်သည်။ မြန်မာနိုင်ငံမှ ဝင်ရောက်အပြေးပြိုင်သူများအား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေရန် ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ရေးဖော်ဆောင်နိုင်ရန်အတွက်  ပေါက်ဖော်ဆုများကိုလည်း ချီးမြှင့်ကြောင်း သိရသည်။ 

ချယ်ရီမြေ(မူဆယ်)