ပြင်ဦးလွင်မြို့ရှိ အဓိကလမ်းမကြီးများ ပေါ်တင်နေသော သဲ၊ ဖုန်များအား ရေဖျန်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအား မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း ကြည့်ရှုစစ်ဆေး

ပြင်ဦးလွင် ဇန်နဝါရီ ၆     

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှိ မြို့တွင်းလမ်းမကြီးတစ်လျှောက် အဓိကမြို့တွင်းလမ်းမကြီးများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် ယမန်နေ့မွန်းလွဲပိုင်း (၁) နာရီက ဈေးလေးမီးပွိုင့်လမ်းဆုံမှ မြို့ပတ်လမ်းအတိုင်း ဗိုလ်ချုပ်လမ်းအထိ   ရေဖျန်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့်အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်အမှု‌ ဆောင်အရာရှိဦးကျော်ခိုင်နှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်မီးသတ်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စုစု‌ပေါင်းအင်အား (၁၀၀) ဦးတို့ဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။   

အဆိုပါ ရေဖျန်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အမှိုက်သိမ်းယာဉ် (၂) စီး နှင့် ရေကား (၂)စီး တို့ဖြင့် ကတ္တရာလမ်းပေါ်တင်နေသော သဲ၊ ဖုန်များအား ရေဖျန်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ပြုလုပ်နေရာသို့  မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းက မြို့ပေါ်အဓိကလမ်းမကြီးများအား လစဉ်ရေဆေးသန့်ရှင်းရေး ဆောင်ရွက်နိုင်ရေးနှင့် ယာဉ်စည်းကမ်း လမ်းညွှန်ဆေးလိုင်းများ၊ ပလက်ဖောင်းနှင့် လမ်းလယ်ကျွန်းတစ်လျှောက်တို့ရှိ (ဖြူနီကြား၊ ဝါနက်ကြား) ဆေးလိုင်းများအား ပေါ်လွင်ထင်ရှားနေအောင် အပတ်စဉ်ဆေးကြောရေး ကိစ္စဆောင်ရွက်ပေးရန်တို့ကို  တာဝန်ရှိသူတို့အား  မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)