လှည်းကူး ဇန်နဝါရီ ၆
(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်ရှိ မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအဖြစ် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေရွာများမှ ပြည်သူများ၊ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား/ ကျောင်းသူများ၊ ဌာနဆိုင်ရာများအနေဖြင့် ကိုယ်ကာယကြံ့ခိုင်စေရေး၊ စည်းလုံးညီညွတ်စေရေးနှင့် အားကစားစိတ်ဓာတ်များ ရှင်သန်နိုးကြားရေးအတွက် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပိုက်ကျော်ခြင်း၊ မီတာ ၁၀၀ မီတာ၂၀၀၊ ၈၀၀ သံပြားပစ်၊ သံလုံးပစ်ခြင်း၊ စာအုပ်ရွက်နှင့် လွန်ဆွဲပွဲပြိုင်ပွဲများကို ပျော်ရွှင်စွာ ဝင်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)