ဒဂုံတောင် ဇန်နဝါရီ ၆
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန်ဦးညီညီသည် အတွင်းရေးမှူး ၊ ကော်မတီဝင်များ ၊ ဌာနမှူးများ၊ ဒုတိယဌာနမှူး (စီမံ/ခရိုင်မြို့နယ်)၊ ဒဂုံမြို့သစ်ခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက် ၈ နာရီ ၂၀မိနစ်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၊အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ရေမြောင်းများတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေခြင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၀၇ ရပ်ကွက် ငုဝါမြိုင်လမ်းရှိ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ၇၁/၇၂ ရပ်ကွက် မဏိစည်သူလမ်းရှိ အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းတို့တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့များ ပရဟိတနှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်းကာ ကျောင်းဝင်းအတွင်း/အပြင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ ရေမြောင်းများ တူးဖော်နေခြင်းများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားကြောင်းသတင်းရရှိသည်။
သန်းသန်းအေး