မိုင်းဖြတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာ​မေးပွဲ​အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ ​ဆွေး​နွေးပို့ချ

မိုင်းဖြတ် ဇန်ဝါရီ ၆

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ​အောင်ချက်မြင့်မား​ရေးအတွက် ကျိုင်းတုံတက္ကသိုလ်မှ ပါ​​​​​မောက္ခဆရာကြီး၊ ဆရာမကြီးများ၏ ​ဆွေး​နွေးပို့ချခြင်းကို ယ​နေ့နံနက်ပိုင်းက အ.ထ.က(မိုင်းဖြတ်)ရှိ ​ရွှေလီ​ဆောင်ခန်းမ၌ ​ဆွေး​နွေးပို့ချလျက်ရှိ​သည်။

ထိုသို့​ဆွေး​နွေးပို့ရာတွင် ကျိုင်းတုံတက္ကသိုလ်၊ သမိုင်း​ဌာနမှ ​ဒေါက်တာ နွယ်နွယ်​အောင်ဦးစီးသည့် ပါ​မောက္ခ ဆရာကြီး၊ ဆရာမကြီးများ (၁၀)ဦးသည် သက်ဆိုင်ရာဘာသာရပ်များအလိုက် ​မေးခွန်းပုံစံများ၊  ​စာ​ဖြေရာတွင် မေးခွန်းများကို​ ဖတ်ရှု၍ ​စနစ်တကျ​ဖြေဆို​နည်းများကို အသီးသီး ဆွေး​နွေးပို့ချခဲ့​ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာ​မေးပွဲကို စာရင်း​ပေးသွင်းထားသူ အ.ထ.က(မိုင်းဖြတ်)မှ (၆၁) ဦး၊ အ.ထ.က(ဟိုနား)မှ (၁၃)ဦး၊ ပြင်ပ​ဖြေ (၅)ဦး စုစု​ပေါင်း (၇၉)ဦးရှိကြောင်း မြို့နယ်ပညာ​ရေးမှူးရုံးမှ သိရသည်။​

သန်းထွန်း​အေး(ပြန်/ဆက်)