တန့်ယန်း ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၉)အခြေခံပညာမူလတန်းလွန်ကျောင်း၏ သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်း (Clean and Green School Action Plan) အဖြစ် ကျောင်းသား/ကျောင်းသူများအား ကျန်းမာ၍စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် အကောင်အထည်ဖော်ဆောင်လျက်ရှိသည်။
အဆိုပါ သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်း (Clean and Green School Action Plan) ဖော်ဆောင်ရေးလုပ်ငန်းများတွင် ကျောင်းဝင်းအတွင်း/အပြင် သန့်ရှင်းရေးလုပ်ငန်း၊ အရိပ်ရပင်နှင့် နှစ်ရှည်ပင်များအားပြုစုထိန်းသိမ်းခြင်း၊ ပန်းအလှသီးပင်စားပင်များစိုက်ပျိုးခြင်း၊ ကျောင်းစာသင်ခန်းများ သန့်ရှင်းသပ်ရပ်စေရန်ဆောင်ရွက်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးစေရေး လေ့ကျင့်ဆောင်ရွက်ပေးနေခြင်းများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူအောင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်တို့က ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)