မင်္ဂလာတောင်ညွန့် ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်၍ အောင်ဆန်းအားကစားကွင်းတွင် ကျင်းပပြုလုပ် ခဲ့ ပါသည်။
(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအဖြစ် အပြေးပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့ကြသည်။
အဆိုပါအားကစားပြိုင်ပွဲများမှ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)