မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနတွင် မီးသတ်တပ်ဖွဲ့ဝင်များအား ပစ္စည်းများ ပေးအပ်

မြစ်သား ဇန်နဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနတွင် မီးသတ်တပ်ဖွဲ့ဝင်များ သက်သာချောင်ချိရေးအတွက် ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်က ပစ္စည်းများပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မီးတပ်တပ်ဖွဲ့ဝင်များက တာဝန်ထမ်းဆောင်ရာတွင် တွေ့ကြုံရသည့် မိမိတို့အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်မီးသတ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြည့်ဆည်း‌ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များအား ပစ္စည်းများ ပေးအပ်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးက မြစ်သားမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကူမဲမြို့မီးသတ်တပ်ဖွဲ့ဝင်များအား တစ်ဦးလျှင် ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ဆီ စသည့် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့်(ပြန်/ဆက်)