ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော် ကျင်းပ

ဒဂုံအရှေ့ ဇန်နဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်ကျောင်းမှ ကျောင်းသား/သူများက "စုံညီပွဲတော် တို့နွှဲပျော်'' သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူးဒေါ်ထူးထူးလွင်က အမှာစကားပြောကြားခဲ့ပြီး လူရည်ချွန်ဆုရရှိခဲ့ကြသူများ၊ အတန်းစဉ်အသီးသီး၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသူများ၊ စာပေ၊ ဂီတ၊ အားကစားကဏ္ဍအသီးသီး၌ ဆုရရှိခဲ့ကြသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အေးမဉ္ဇူ