ကမာရွတ်မြို့နယ်တွင် လှည်းတန်းဂုံးကျော်စကိတ်ကွင်း၌ စကိတ်နှင့် BMX အားကစားပြိုင်ပွဲများ ကျင်းပ

ရန်ကုန် ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ဇန်နဝါရီလ ၄ ရက်န့ နံနက် (၈) နာရီအချိန်မှစတင်၍ ကမာရွတ်မြို့နယ် လှည်းတန်းဂုံးတံတားရှိ စကိတ်ကွင်း၌ မြန်မာနိုင်ငံစကိတ်အားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော စကိတ်နှင့် BMX အားကစားပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ ကမာရွတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အားကစားသမားများ တက်ရောက်ကြည့်ရူအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင် ၂၀၀ ဦးခန့်မှ BMX အလှစီးပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုသို့ ဝင်ရောက်ယှဥ်ပြိုင်သူများကို ကမာရွတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ Medical Cover အဖြစ် ယာဉ်(၂)စီးနှင့် အင်အား(၂၀)ဦးအား အသင့်စီမံထားရှိပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)