သုံးခွ ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အ.ထ.က(၁)ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က အ.ထ.က(၁)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် အ.ထ.က(၂) ကျောင်းသား/သူများက “ကြိုဆိုပါသည် စုံညီပွဲတော်”သီချင်းဖြင့် သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်ဆန်းဆန်းဌေးက စုံညီပွဲတော်ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို အကျယ်တဝင့်ပြောကြားပြီး ထူးချွန်ကျောင်းများနှင့် ထူးချွန်ကျောင်းသား ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် အ.ထ.က(မြို့မ) ကျောင်းသား/သူလေးများက ဘက်စုံပညာရည် တို့လှမ်းချီသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဧည့်သည်တော်များက ပညာရေးစုံညီပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ထို့နောက် အခြေခံပညာကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက ဖျော်ဖြေရေးအစီအစဥ်များဖြင့် သီဆိုခဲ့ကြောင်း သိရသည်။
ပညာရေးစုံညီပွဲတော်အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဆရာ/ဆရာများ၊ ကျောင်းသား/သူများ၊ ကျောင်းသား မိဘများ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်