လှည်းကူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသစ်နှစ် ဘက်စုံထူးချွန်ဆုချီးမြှင့်ခြင်း၊ ပညာရေးစုံညီပွဲတော်အခမ်းအနားနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

လှည်းကူး ဇန်နဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကြို့ကုန်းရှိ ပညာရတနာကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ဘက်စုံထူးချွန်ဆုချီးမြှင့်ခြင်းနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပပြုလုပ်သည်။

ဦးစွာ ပညာရတနာကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားအား ခရိုင်ပညာရေးမှူးဒေါ်မြတ်မြတ်ထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးခင်ဇော်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော်အခမ်းအနားအား အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကြို့ကုန်း၌ ဆက်လက်ကျင်းပရာ ခရိုင်ပညာရေးမှူးဒေါ်မြတ်မြတ်ထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးခင်ဇော်နှင့် မြို့နယ်ပညာရေးမှူးဒေါ်ကြည်ကြည်တင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘက်စုံထူးချွန်ဆုရရှိသည့် ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ပညာရေးစုံညီပွဲတော်ပျော်ပွဲရွှင်ပွဲများအား ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)