ရွှေပြည်သာ ဇန်နဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ အလိမ္မာဥယျာဥ်သဇင်အောင်စာကြည့်တိုက် (၁၀)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါစာကြည့်တိုက်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အမှတ်(၃)ရပ်ကွက်ရှိ သားငယ်၊ သမီးငယ်လေးများက ၃၈ ဖြာ မင်္ဂလာတေးကဗျာဖြင့်လည်းကောင်း၊ မစံပယ်ကရွှင်လန်းချမ်းမြေ့ကြပါစေသီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေကြပြီး အလိမ္မာဥယျာဥ်သဇင်အောင်စာကြည့်တိုက်နာယကကြီးဒေါက်တာအောင်ဇင်ဦးက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး အလိမ္မာဥယျာဥ်သဇင်အောင်စာကြည့်တိုက်နာယကကြီး ဦးစိန်ဝင်းကစာကြည့်တိုက်သမိုင်းကြောင်းကို ရှင်းလင်းဖတ်ကြား၍ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးက စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဆွေးနွေးဟောပြောပြီး စာကြည့်တိုက်ဥက္ကဋ္ဌဦးကျင်ယုနိုင်က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းလင်းဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်း၊ ပြသထားသောနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား တက်ရောက်လာကြသည့် စာကြည့်တိုက်ကော်မတီဝင်များ၊ စာရေးဆရာကြီးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မိဘပြည်သူများ၊ သားငယ်၊ သမီးများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး အခမ်းအနားကို အက၊ အလှတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြကြောင်း သိရှိရပါသည်။
အေးမိုး(ပြန်/ဆက်)