ဟိုပုံး ဇန်နဝါရီ ၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ အခြေခံပညာဦးစီးဌာနဖြင့် ပူးပေါင်းကာ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆို၊ စာဖတ်စွမ်းရည်နှင့် ပန်းချီပြိုင်ပွဲများကို ဇန်နဝါရီလ (၃) ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က ဒေသအဆင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌနမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆို၊ စာဖတ်စွမ်းရည်နှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲများအား ဆက်လက်ကျင်းပခဲ့ရာ ဟိုပုံးမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း (၇) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁) ကျောင်းတို့မှ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ၂၀ ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ၁၉ ဦး၊ ပန်းချီပြိုင်ပွဲတွင် ၂၇ ဦး၊ ပြိုင်ပွဲအသီးသီးတို့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၆ ဦးတို့ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ထူးချွန်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ဓာတ်ပုံပြပွဲ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုးအန္တရာယ်တားဆီးကာကွယ်ရေး၊ သွေးလွန်တုပ်ကွေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး စသည့်အသိပညာပေးနံရံကပ်စာစောင်များအား ပြသခဲ့ရာ တက်ရောက်လာသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ (ပြန်/ဆက်)