မိုးနဲမြို့နယ် ဆွမ်မရမ်းကျေးရွာတွင်း ကွန်ကရစ်လမ်းဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီး

မိုးနဲ ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ ဆွမ်မရမ်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် ဩဂုတ်လနောက်ဆုံးပတ်က စတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံ‌ငွေကျပ် ၁၅ သန်းနှင့်‌ ကျေးရွာနေပြည်သူလူထုပူးပေါင်းပါဝင်မှုကျပ် ၆ သန်း၊ စုစုပေါင်း ငွေကျပ် ၂၁ သန်းဖြင့် ကွန်ကရစ်လမ်းအရှည်ပေ ၆၄၀၊ အကျယ် ၁၂ ပေနှင့် ထု ၆ လက်မကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကိုဆောင်ရွက်ခဲ့ရာ လုပ်ငန်းများရာနှုန်းပြည်ပြီးစီးနေပြီဖြစ်သည့်အတွက် ကျေးရွာနေ အိမ်ခြေ ၃၆ အိမ်၊ လူဦးရေ ၁၉၂ ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး လျင်မြန်လွယ်ကူစွာသွားလာနိုင်တော့မည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)