ကလော ဇန်နဝါရီ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ အမှတ်(၅)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေးရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက် (၂၀) နှစ်အောက် ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အမြောက်တပ် (၂၀၇) တပ်ရင်းမှူး/တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး လှအောင်၊ ဟဲဟိုးမြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုး၊ ဟဲဟိုးနယ်မြေ စခန်းမှူး ရဲအုပ် အောင်နိုင်မြင့်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဟဲဟိုးမြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုးက အားကစားပြိုင်ပွဲ ကျင်းပပြုရသည့် ရည်ရွယ်ချက်များနှင့် အားကစားပြိုင်ပွဲ စည်းမျဥ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ဟဲဟိုး စခန်းမှူး ရဲအုပ် အောင်နိုင်မြင့်က အားကစားစိတ်ဓာတ်မြင့်မားရေး၊ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အမှာစကားများပြောကြားခဲ့သည်။
ထို့နောက် အကပဒေသာများဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင် ဘော်လီဘောအသင်း (၂၄) သင်းနှင့် ပိုက်ကျော်ခြင်းအသင်း (၁၆) သင်းတို့မှ အုပ်စုအလိုက် ယှဥ်ပြိုင်ကစားခဲ့ကြ ကြောင်းနှင့် အဆိုပါပြိုင်ပွဲအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှ ၇ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)