ကလော ဇန်နဝါရီ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အားကစားကွင်းနှင့် အခြေခံပညာအထက်တန်းကျောင်းများတို့တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီက အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပရာတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(လ-၁)ကျောင်းနှင့် မြို့နယ်အားကစားကွင်းတို့တွင် အားကစားပြိုင်ပွဲများ ကျင်းပနေမှုကို ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က ကြည့်ရှုအားပေးခဲ့ပြီး ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။
အားကစားပြိုင်ပွဲများတွင် ချောတိုင်တက်၊ ခေါင်းအုံးရိုက်၊ အပြေးပြိုင်ပွဲ၊ အာလူးကောက်၊ လွန်ဆွဲ၊ ပူပေါင်းဖေါက်၊ ခြေသုံးချောင်းထောက်နှင့် အပျော်တမ်းကစားနည်းတွေပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန် /ဆက်)