ဗိုလ်တထောင်မြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကျင်းပ

ဗိုလ်တထောင် ဇန်နဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့  သ၀ဏ်လွှာဖတ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့ နံနက် ၇ နာရီ၌ အမှတ်(၁၀)ရပ်ကွက်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း အောင်​ကျော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သဝဏ်လွှာဖတ်ပွဲတွင် ပထမဦးစွာအမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးမဟာသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်ကဖတ်ကြားပြီး (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ၊ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် မြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/ကျောင်းသူများအား ဗိုလ်တထောင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဒေါ်ခိုင်ကလျာစော၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့်အဖွဲ့ဝင်တို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဒေါ်ခိုင်ကလျာစော၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ အမျိုးသမီးရေးရာအသင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား/သူ မိဘများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ စုစုပေါင်း(၃၀၀)ဦး တက်ရောက်ကြသည်။

အခမ်းအနားကို အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းနှင့် ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေပေးကြသော ကျောင်းသားများနှင့် ပြည်မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေပေးကြသော ကျောင်းသူများအား မြို့နယ်ပညာရေးမှူး ဒေါ်မေအေးမြင့်က ဆုများချခဲ့ကြောင်း သတင်းရရှိပါသည်။

ခင်၀င်း(ပြန်/ဆက်)