ကလော ဇန်နဝါရီ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့နံနက် ၄ နာရီ ၂၀ မိနစ်က ကလောမြို့ မြို့နယ်ခန်းမရှေ့တွင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံကိုလွှင့်တင်ပြီး ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ အလေးပြုခဲ့ကြောင်း သိရသည်။
ဆက်လက်၍ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို နံနက်(၇)နာရီက မြို့နယ်ခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသိရိသုဓမ္မ မင်းအောင်လှိုင် ထံမှပေးပို့လာသည့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့သဝဏ်လွှာကို ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ဖတ်ကြားခဲ့ကြောင်းသိရသည်။ ထို့နောက်ကလောခရိုင်အတွင်း ၂၀၂၄ ခုနှစ် ပဉ္စမကြိမ်မြောက် အမျိုးသား အားကစားပွဲတော်တွင် အားကစားနည်းအလိုက် ဆုရရှိခဲ့သည့် အားကစားသမားများနှင့်(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံ ပညာအထက်တန်း၊အလယ်တန်းနှင့်မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် ကျောင်းသား/သူ များအား ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိသည်။
မြို့နယ်(ပြန်/ဆက်)