ပူတာအိုမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ခြင်းနှင့်အားကစားပြိုင်ပွဲများကျင်းပ

 ပူတာအို ဇန်နဝါရီ ၅

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် အားကစားပြိုင်ပွဲများကို ဇန်နဝါရီ(၄)ရက်နံနက်ပိုင်းက သတ်မှတ်နေရာ အသီးသီးတွင်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ နံနက်(၄)နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနရုံးရှေ့ကွင်းပြင်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဂုဏ်ပြုတပ်ဖွဲ့၏ဉီးဆောင်မှုဖြင့် နိုင်ငံတော်အလံအားလွင့်ထူကာ နိုင်ငံတော်အလံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြသည်။

ဆက်လက်၍ နံနက်(၇)နာရီတွင် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ သဝဏ်လွှာဖတ်ပွဲအခမ်း အနားကိုဆက်လက်ကျင်းပရာ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးစိုးထွန်းနှင့်အဖွဲ့ဝင်များ၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းစာပေနှင့်ယဉ်ကျေးမှု အသင်းများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ဉီးဆောင်မှုဖြင့် နိုင်ငံတော်အလံအား အလေးပြုကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးစိုးထွန်းက ပြည် ထောင်စုသမ္မတမြန်မာနိင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကိုဖတ်ကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် ကျင်းပခဲ့သော အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရကျောင်းသား ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ နံနက်(၈)နာရီတွင် ခရိုင်ပြည်သူ့အားကစားကွင်း၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဉီးသန်းထွေးနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက အားကစားနည်း (၁၈)နည်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီး သီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ဘုန်းလက်ရာသစ်