ပြင်ဦးလွင် ဇန်နဝါရီ ၅
၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ လားရှိုးလမ်း၊ ကျောက်တိုင်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နံနက် (၄)နာရီ မိနစ် (၂၀)တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အလံကိုလွှင့်တင်ကာ အခမ်းအနားကို တက်ရောက်လာကြသည့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။
ဆက်လက်ပြီး ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာအား ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးမှ ဖတ်ကြားပြီး ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲဆုရ ကျောင်းသား/ကျောင်းသူများနှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရ ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုရ ကျောင်းသား/ကျောင်းသူများ၏ နံရံကပ်စာမူများပြသထားမှုအား ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။
ခရိုင် (ပြန်/ဆက်)